ရခိုင်ရိုးမတောင်တန်း နှင့် ဆက်နေတဲ့ ချင်းတောင်တန်း
ကုလာတန်နှင့် မဏီပူရမြစ် စီးဆင်းနေ
ရောင်စုံးပန်းများပွင့်ဖူးတဲ့ ထင်းရှူး ချယ်ရီ တောင်ဇလပ်တွေ
သဘာဝအလှဂုဏ် ဖော်ကျူးလျှက်နေ
ထပ်ဆိုရန်
သူငယ်ချင်း လိုက်ခဲ့စမ်းပါ အလည်တစ်ခေါက်စမ်းပါ
တို့ များ ချင်း ဓလေ့ထုံးစံ မြင်စေချင်စမ်းတယ်
တောင်ပေါ် ခေါင်ရည်ချိုမျှမျှ
တစ်ချိုက်လောက်သောက်လျှင် အပန်းဖြေ
ဒါပာာလဲ ချင်းပြည်ရဲ့ ဓလေ့တစ်ခုပါ
တောင်စွယ် အသွယ်သွယ်ကျော်ဖြတ်ရင်း
သွားလာသည့်ခရီးသည်များ တောင်ယာသမားတွေကို
အဝေးက လှမ်းမြင်၊ မြေနီလမ်းကလေးကို ကိုယ်လိုက်ပြီး
ကားလေးစီရင်ဖုံးထလာ ဒါပာာလည်း ချင်းပြည်ရဲ့ အလှတစ်ခုပါ